အင်တာနက် ပိတ်ပင်စီစစ်ခြင်းအား ကျော်လွှားရန်နည်းလမ်းပေါင်းများစွာရှိပါသည်။ Software များအသုံးပြုခြင်းမှအ၍ ဝက်ဆိုက်များခံ၍ သုံးသည်အထိရှိသည်။ ၄င်းနည်းလမ်းတို့အား circumvention (ပိတ်ဆို့ကျော်လွှားခြင်း) ဟုခေါ်ပါသည်။ ၄င်းနည်းလမ်းတို့မှာ အလွန်လွယ်ကူသော နည်းလမ်းများမှစ၍ ခက်ခဲရှုပ်ထွေးသော နည်းလမ်းများအထိပါဝင်သည်။ ဥပမာအားဖြင့် ပိတ်ထားသော ဆိုက်တခုကို Search Engine မှ cache စာမျက်နှာဖွင့်ကြည့်ရုံနဲ့တင် ဖတ်ရှူနိုင်ပါသည်။
Circumvention အတွက်ပံ့ပိုးကြသူများ
အင်တာနက်စီစစ်ခြင်းအား ကျော်လွှားနိုင်ရန် ထောက်ပံ့ပေးသူများတွင် လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းတခုချင်းအထိုက် ထောက်ပံ့မှုများကိုတွေ့နိုင်သည်။ အဖိုးအခဖြင့် circumvention ဝန်ဆောင်မှုပေးသော အဖွဲ့များမှစ၍ အခမဲ့ ဝန်ဆောင်မှုပေးသော လူတစ်ဦးချင်း ၊ အဖွဲ့အစည်းတခုချင်းထိပါဝင်ကြပါသည်။ Circumvention အတွက်ထောက်ပံ့ပေးသူများသည် အင်တာနက်ပိတ်ပင်ခြင်းမရှိသော နေရာများတွင်ရှိသော ကွန်ပျူတာတွင် software များ ထည့်သွင်းကာ လွတ်လပ်သော အင်တာနက်မရှိသော နေရာမှ ကွန်ပျူတာများသို့ချိတ်ဆက်ပေးကြသည်။
Circumvention အသုံးပြုသူများ
Circumvention အသုံးပြုသူများသည် အင်တာနက်ပိတ်စို့စီစစ်မှုရှိသောနေရာမှ လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းတခုတို့ဖြစ်ကြသည်။ ၄င်းတို့သည် အင်တာနက်စီစစ်ထားသောနေရာများမှ အချက်အလက်များပေးပို့ဖို့ရာအတွက် အသုံးပြုကြပါသည်။ ဥပမာအားဖြင့် အင်တာနက်အသုံးပြုသူများသည် မိမိကိုယ်ရေးကိုယ်တာအရ မိမိအချက်အလက်များအကြောင်းအရာများကို ထိန်းသိမ်းမှုပြုလိုကြသည်။ ထို့အပြင်သက်ဆိုင်ရာမှ အင်တာနက်ထိန်းချုပ်မှုများ၊ (မိဘ၊ အလုပ်ရှင်၊ copyright ထိန်းချုပ်သူ၊ ဥပဒေ နှင့် အစိုးရဆင်ဆာဖြတ်မှုများအတွက် အသုံးပြုကြသည်။

