သင်ရှိနေသောနေရာမှ တိုက်ရိုက်ကြည့်ရှုခွင့် ပိတ်ပင်ခံထားရသော ဝက်ဘ်ဆိုက်ဒ် ကိုပင် Web Proxy ကြောင့်ကြည့်ရှုနိုင်ပေသည်။ သာမန်အားဖြင့် web proxy သည် သင်ကြည့်ချင်သော ဝက်ဘ်ဆိုက်ဒ်၏နာမည်ကို ရိုက်ထည့်လိုက်သောအခါ ၎င်းဝက်ဘ်ဆိုက်ဒ် ကိုပြပေးသည်။ ထို့နောက် Proxy သည် သင်နှင့် ဝက်ဘ်ဆိုက်ဒ် ကြားရှိ တိုက်ရိုက်ဆက်သွယ်မှုကို ပိတ်ပင်ထားသော်လည်း သင့်အားထို Web page ကိုပြသလိမ့်မည်။
Web proxy ကိုအသုံးပြုနေစဉ်တွင် သင့်ကွန်ပျူတာရှိ setting များပြောင်းရန်နှင့် software များ တပ်ဆင်ရန်လုံးဝမလိုအပ်ပေ။ Web proxy ၏ ဝက်ဘ်ဆိုက်ဒ် အားအရင်ခေါ်၍သင်ကြည့် ချင်သော ဝက်ဘ်ဆိုက်ဒ်၏အမည်ကို ရိုက်ထည့်ကာ ‘submit’ သို့မဟုတ်တူညီသော ခလုတ်ကို နှိပ်ပါ။ Web Proxy ကို အင်တာနက် ကဖေး ဆိုင်မှ ကွန်ပျူတာများအပါအဝင် မည်သည့် ကွန်ပျူတာမဆို အသုံးပြုနိုင်သည်။
နမူနာ Web proxy များတွင် CGI Proxy, PHProxy နှင့် Zelune တို့ပါဝင်သည်။ ၎င်းတို့အားလုံး၏လုပ်ဆောင်ချက်များမှာ အတူတူပင်ဖြစ်သော်လည်း ယင်းတို့ထဲမှ တချို.သည် video ကြည့်ခြင်းကဲ့သို့သောလုပ်ဆောင်ချက်များအတွက် ပိုမိုသင့်တော်ကောင်းမွန်သည်ကိုတွေ့ရသည်။ ထို web proxy များအပါအဝင် အခြား proxy များဖြစ်ကြသည်။ Glype, Psiphon, Picidae နှင့် bblocked တို့သည် software program များဖြစ်ကြပြီး ကွန်ပျူတာအများအပြား တွင်အသုံးပြုနိုင်သည်။
Web Proxy များကို http://www.proxy.org/ ကဲ့သို့သော ဆိုက်ဒ်မျိုး တွင်ရှာဖွေ၍ လည်းကောင်း၊ http://www.peacefire.org/circumventor/ ကိုချိတ်ဆက်၍လည်းကောင်း၊ ‘free web proxy’ ဟု search engine များတွင်ရှာဖွေ ၍လည်းကောင်း ရရှိနိုင်သည်။
(အကယ်၍သင်သည် အင်တာနက်ပိတ်ဆို့ခြင်းလုံးဝမရှိသော နိုင်ငံတွင် နေထိုင်၍အခြားသူများအား censorship နှင့်ပတ်သက်၍ကူညီချင်သည်ဆိုလျှင် Web proxy script ကို သင်၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်ဒ် သို့မဟုတ် ကွန်ပျူတာ တွင် install လုပ်ထားနိုင်သည်)
Proxy.org တွင် Web Proxies ထောင်ပေါင်းများစွာစာရင်းပြုစုထားသည်။
ကိုယ်ပိုင် Web proxy များလည်းရှိသည်။ Proxy တစ်ခုချင်းစီကိုအသုံးပြုနေသည့် လူနည်းစုသာ ထိုကိုယ်ပိုင် web proxy များကိုသိသည်။ ၎င်းတို့သည် အကြောင်းအရာတစ်ခုအားသင် ရရှိနိုင်ရန်လုံးဝ သေချာဖို့လိုအပ်သည့်အခါ သို့မဟုတ် သင်ယုံကြည်ရသူတစ်ဦးဦး ၏ proxy ကိုလုံခြုံစိတ်ချစွာ အသုံးပြုရန်လိုအပ်သည့်အခါမျိုးတွင် အလွန်အသုံးဝင်သည်။
ကောင်းကျိုးနှင့်ဆိုးကျိုးများ
Web proxies များကို အသုံးပြုရန်အလွန်လွယ်ကူသည်။ သင်မည်သည့် software ကိုမျှတပ်ဆင်ရန်မလိုပေ။ သင့်ဆီ၌ ယုံကြည်ရသောအဆက်အသွယ် မရှိစီစစ်မှုလည်းမရှိသောနေရာတွင်ပငါ လူအများမြင်သာသော Web proxy ကိုသုံးနိုင်သည်။ private web proxies များကိုအသုံးပြုသူ၏လိုအပ်ချက်ပေါ်မူတည်၍ပြုပြင်ပြောင်းလဲနိုင်စွမ်း နှင့်စီစစ်သူ အာဏာပိုင်များမှပိတ်ဆို့ ရန်နှင့် ရှာဖွေတွေ့ရှိရန်မလွယ်ကူပေ။
သို့သော် web proxies များတွင် သိသာထင်ရှားသော ဆိုးကျိုးများရှိသည်။ ၎င်းတို့သည် Web လမ်းကြောင်း (HTTP) ကိုသာမကြာခဏ အသုံးပြုခွင့်ပေးပြီး အီးမေးလ်နှင့် message ပို့ခြင်းတို့အတွက် အသုံးမပြုနိုင်ပေ။ အသုံးပြုချင်ပါကလည်း (SSL) ကဲ့သို့စာဝှက်မျိုးဖြင့်အသုံးပြုရမည်။ Web-based-email ကဲ့သို့တိကျသေချာ မှုလိုအပ်သောဝန်ဆောင်မှုများသည် Web proxy ပေါ်တွင် အပြည့်အဝ အလုပ်လုပ်ဆောင်မည်မဟုတ်ပေ။ သို့မဟုတ် သင်၏ password၊ အခြားသတင်းအချက်အလက် များကိုစောင့်ကြည့်ခံရခြင်း၊ ခိုးယူခြင်းတို့ကိုတွေ့ကြုံရလိမ့်မည်။
Web proxy များသည် ပိတ်ဆို့ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းတို့ကိုခံရ နိုင်သည်။ အများသုံး Web proxy များ၏ address ကိုလူသိများကြပြီး ၎င်းတို့အားအသုံးပြုခွင့် ကို ပိတ်ဆို့ကောင်းပိတ်ဆို့ခံရလိမ့်မည်။ private web proxy သည် အင်တာနက် ပိတ်ဆို့ခြင်းမရှိသောနေရာမှ အသုံးပြုသူတစ်ဦးလိုအပ်သည်။ Web Proxy ပေါ်တွင် ပြုလုပ်သော စာဝှက်မပါသည့် ဆက်သွယ်မှုများသည် network operator များမှကြားဖြတ်တိုက်ခိုက်ခံရနိုင်သည်။ ထို့ကြောင့် စကားလုံးစစ်ထုတ်ခြင်းသည် စာဝှက်မရှိသော web proxy များအတွက်ရန်သူဖြစ်နေသေးသည်ြ
Web proxy အသုံးပြုသူများသည် ၎င်းတို့၏ Web proxies Operators များမှ သူတို့၏ဆက်သွယ်မှုများကို ဖတ်ရှုနိုင်ခြင်းနှင့် မည်သည့် web proxy မှ အသုံးပြုနေခြင်းဆိုသည်တို့အား မှတ်သားထားနိုင်သည်ဆိုသည်ကို သိရှိသင့်သည်။ အကယ်၍ထိုသတင်းအချက်အလက်သည် သင့်အတွက် အန္တရာယ်များသည်ဆှိုလျှင် သင်၏ proxy ရွေးချယ်မှုအား သတိကြီးစွာ ထား၍ပြုလုပ်သင့်သည်။

