ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Español | Tiếng Việt

Switch Proxy အားအသုံးပြုခြင်း


Switch Proxy သည် သင်၏ Firefox browser proxy setting များကို လျင်မြန်စွာ ပြောင်းပေးနိုင်ပါသည်။ public proxy တစ်ခုကို လူအများသုံးနိုင်ရန် (အသုံးပြု နိုင်ရန် စီစဉ်ထားသော private proxy တစ်ခု သို့မဟုတ် SSH ကဲ့သို့သော client application များမှ စီစဉ်ပေးထားသော local proxy တစ်ခု) သင် ဤ အချက်ကို အသုံးပြုနိုင်သည်။ သာမန်အားဖြင့် သင် application proxy တစ်ခု သို့မဟုတ် Switch Proxy ကို အသုံးမပြုမီ သင်သုံးလိုသော application proxy များ၏ စာရင်းများ လိုအပ်ပေလိမ့်မည်။ Switch Proxy မှာ အဓိက အားဖြင့် သင် proxy များကို သုံးနိုင်ရန်သာ ကူညီပေးပြီး ရှာဖွေရန် ကို မူမတတ်နိုင်ပေ။ Switch Proxy သည် proxy အများအပြား ၏ စာရင်းကို တင်ရာတွင် အထောက်အကူဖြစ်စေ ပြီး  ၎င်းတို့ကြား ကြိမ်ဖန်များစွာ ပြောင်းနိုင်ရန် ကူညီပေးသည်။

Switch Proxy အားပြင်ဆင်ခြင်း


Switch Proxy ကို ပြင်ဆင်မှုပြုရန် Firefox မှ ‘Tools’ menu အားနှိပ် ၍ configuration window အားဖွင့်ရန် လိုအပ်သည်။

prefs2

‘Add-ons’ အားရွေးပါ။ ထို Add-ons menu စာရင်းတွင် ‘Switch Proxy Tool’ ကိုတွေ့ပေလိမ့်မည်။ ‘Preferences’ ခလုပ်အား မြင်သာစေ ရန် link အား နှိပ်ပါ။


pref3
Preferences ၏ ရိုးရှင်း သော panel ဖော်ပြရန်အတွက် ‘Preferences’ ခလုပ်အား နှိပ်ပါ။

prefs_final

General Section တွင်ရှိသော အရာများသည် Switch Proxy အချက်အလက်များအား Browser ၏ မည်သည့်နေရာတွင်ဖော်ပြထားမည်ကို ရည်ညွှန်းသည်။

ဒုတိယအပိုင်းဖြစ်သော (When I switch proxies) သည် SwitchProxy မည်သို့အလုပ်လုပ်မည် ကိုဆုံးဖြတ်ပေးသော ကြောင့် ထိုအပိုင်းသည် ပိုမိုအရေးကြီးသည်။ သင် proxy များကို ပြောင်းပေးသောအခါ SwitchProxy သည် လုပ်ငန်းများစွာကို လုပ်ဆောင်ပေးသည်။ ၎င်းသည် သင်၏ Cookie များကို အလိုအလျောက် ရှင်းပေးနိုင်ပြီး proxy အသစ်များကို ဖြတ်၍ သင်အသုံးပြုခဲ့သော စာမျက်နှာများ ကို ပြန်လည်တင်ပြနိုင်သည်။ ထို အရာများကို ဖော်ပြထားသော check box များမှထိန်းချုပ် နိုင်သည်။

အချို့ site များသည်  ယခင် cookie တစ်ခု ဖြင့် IP address များကို တူညီ စေနိုင်သောကြောင့် proxy တစ်ခုအား ပြန်လည် တင်စေသောအခါ ‘Clear my cookies’ ကို ရွေးသင့်သည်။ သင် proxy တစ်ခု ပြောင်းသောအခါ အလိုအလျောက် ပြန်တင်သော စာမျက်နှာ သည် proxy setting အဟောင်းကို ဖြတ် ၍ မည်သည့် အဆက်အသွယ် မှမရှိပါ ဟူသော အချက် ကို သေချာစေသည်။

Switch Proxy များ၏ အဓိကအချက်များကို နောက်ဆုံး ခလုပ် ‘Manage Proxies’ ဖြင့် စီမံခန့်ခွဲ နိုင်သည်။ အကယ်၍  ထို ခလုပ်များကို နှိပ်လိုက်ပါက proxy များကို ထည့်နိုင် တည်းဖြတ်နိုင် ပြီး ပြောင်းရွှေ့နိုင်သည်။

အခြေခံ Proxy တစ်ခုထည့် ခြင်း


Proxy တစ်ခုအား SwitchProxy သို့ပေါင်းထည့်ကြည့်ရအောင်။ ထိုကဲ့သို့လုပ် ရန် ပထမဦးစွာ အပေါ် တွင် ရှိသော ‘Manage Proxies’  ကို ရွေးရန် လိုအပ်သည်။


add
SwitchProxy ထဲတွင် စီစဉ်ထားပြီးသော အခြား proxy များသင့်တွင် ရှိသည်ဆိုပါက ၎င်းတို့သည် ဤ နေရာတွင် ဖော်ပြရပေမည်။ Proxy အသစ်ထည့် ရန် ‘Add’ ကို နှိပ်ပါ။

proxytype

Standard အားရွေးချယ်ခြင်းသည် သင့်အား Web browsing၊ ဖိုင်များတင်ခြင်းနှင့် အခြား လှုပ်ရှားမှုများ အတွက် Proxy တစ်ခုကို တပ်ဆင်ရန် အဆင်ပြေစေသည်။ တားမြစ်ခြင်းခံရနိုင်သော server များအသုံးပြုရန် အတွက် လည်း အသုံးဝင်သည်။



SwichProxy များသည် Anonymous option များကို ဖော်ပြပေးသော်လည်းပဲ ထို option သည် နာမည် ဝှက်ခြင်း ကို အာမမခံနိုင်သောကြောင့် နာမည်မှားပေးခြင်း ခံရနိုင်သည်။ ထို option သည် proxy အမြောက်အမြား ၎င်းတို့အကြား ကြိမ်ဖန် များစွာ ပြောင်းခြင်းကို ပြေလည်စေသည်။


Standard Proxy တစ်ခု ၏ Setting များ

 

proxysettings
သင်ထည့်ချင်သော proxy အတွက် setting များကို သိရှိရန် လိုအပ်သည်။ သင်မည်ကဲ့သို့သော အသုံးပြုမှုလိုအပ်သနည်း နှင့် ထို အသုံးပြုနိုင်မှုများကို proxy များမှ မည်ကဲ့သို့ စီမံခန့်ခွဲ သည် ပေါ်မူတည် ၍ သတင်းအချက်အလက်တော်တော်များများ ဖြစ်ပေလိမ့်မည်။

အထူးသဖြင့် SwitchProxy များဖြင့် သင်အသုံးပြုရန် ကြိုးပမ်းနေသော proxy များအတွက် setting များကို  အစကတည်း က သိ ရှိသင့်သည်။ ထို အတွက် ဥပမာ မှာ ‘Public Proxy Servers ’ ၏ Web Site (http://www.publicproxyservers.com) မှ public proxy တစ်ခုကို ရှာဖွေပြီး SwitchProxy တွင် ထည့်သင့်သည်။ (ကျွန်ုပ် တို့တွင် ၎င်း proxy များမည်သူက ထိန်းချုပ်နေသနည်း ဟူသော သတင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့မည်မျှ ယုံကြည်ရသနည်း ဆိုသည်ကို အမှန်တကယ်မသိ ရှိနိုင်ပေ။)



ပထမဦးစွာ Public Proxy Server များ၏ အဓိကစာမျက်နှာ ပေါ်တွင် ဘယ်ဘက်အခြမ်း navigation panel ထဲမှ ‘proxy list (http://www.publicproxyservers.com/page1.html) ကိုရွေးပါ။ ထိုအခါ ကျွန်ုပ်တို့ စာရင်းတစ်ခုကို မြင်တွေ့ရပေလိမ့်မည်။


pubproxy
ဤ နေရာတွင် (88.255.50.114)  ဟူသော IP နှင့် (80) ဟူသော Port စာရင်းများ မှ သတင်းအချက်အလက်များ ကို Standard configuration window ၏ ပထမဆုံး အကွက် တွင် ရိုက်ထည့် ပါမည်။


settings
သင် proxy တစ်ခု ချင်းစီကို အညွှန်းပေး နိုင်သည်။ (ဥပမာ ကျွန်ုပ်တို့ ‘Pub Proxy’ အားအသုံးပြုနေပါသည်။) ဤအချက် သည် ထို proxy အားတပ်ဆင်ရန် လုပ်ရမည့် အချက်ပဲဖြစ်ပါသည်။ (SSl, FTP, Gopher သို့မဟုတ် Socks) ကဲ့သို့သော အခြားပုံ စံများအတွက် Proxy များကို တပ်ဆင်ချင်သည် ဆိုပါက အခြားနေရာများတွင် အသေးစိတ်အချက်အလက်များ ဆက်လက်ဖြည့်စွက် ရန် လိုအပ် ပေလိမ့်မည်။ သာမန်အားဖြင့် port နှင့် IP setting များမှာ တူညီသည်။ ထို့ကြောင့် အသုံးပြုရန် လိုအပ်သော ပုံစံတစ်မျိုးချင်းစိ အတွက် အသေးစိတ်အချက်အလက်များ အတူတူ အသုံး ပြုနိုင် ပေမည်။



သတိပြုရန်

      ၁. Proxy များသည် HTTP (Web browsing) အသုံးပြုခွင့် ကို ပေး သည်။ အကယ် ၍ Internet အသုံး ၏ အခြား ပုံစံများ အတွက် Proxy တစ်ခု အသုံးပြု ချင်သည် ဆိုပါက အဆင်ပြေ မပြေ စမ်းသပ်ကြည့်နိုင်သည်။

      ၂.  ဖွင့်ထားသော proxy အများစုသည် တကြိမ်သုံးလျင် နာရီအနည်းငယ်သာ အလုပ်လုပ် သော ကြောင့် အလုပ်လုပ်နေသော proxy ကို ရှာရန်  proxy များ ခဏခဏ ပြောင်းပေးရန် ပြင်ထားပါ။
   
      ၃.  Setting များသည် SwitchProxy အသုံးပြုထားသော Firefox browser များမှသာ အသုံးပြုနိုင်သည်။ အကယ်၍ သင် အခြား browser ကို ဖွင့် ခြင်း သို့မဟုတ် အခြား application ကို အသုံးပြုသည် ဆို ပါ က (ဥပမာ FTP client တစ်ခု) ၎င်းသည် SwitchProxy Setting များကို အသုံးပြုခွင့် ရမည် မဟုတ် ချေ။

သင် အသေးစိတ် ရိုက်ထည့် ပြီးသော အခါ setting များအား သိမ်းရန် ‘OK’ အားနှိပ်ပါ။ ‘Manage Proxies’ window နောက်ထပ် ပေါ်လာပေလိမ့်မည်။

saved
ထို window အားပိတ်ရန် ‘OK’ ကို ထပ်နှိပ် ၍ proxy အသစ်အား သင့် စာရင်းထဲတွင် သိမ်းပါ။ သင် SwitchProxy အားဖြတ်၍ Proxy အား active မလုပ်မချင်း proxy setting များ အသက်မဝင် ဆိုတာ ကို သတိပြုမိရန် အရေးကြီးသည်။

အလိုအလျောက် ပြောင်းခြင်းများ အတွက် proxy များ ၏ စာရင်းထည့်ခြင်း


SwitchProxy သည် သင့်အား Proxy များ၏ စာရင်းကို ဖန်တီးရန် နှင့် ၎င်းတို့အကြား အလိုအလျောက် ပြောင်းခြင်း အတွက် ကြားကာလအချိန်များ သတ်မှတ်ရန် အဆင်ပြေစေသည်။ ထို option သည် ‘Anonymous’ proxy configuration များအဖြစ် စိတ်ရှုပ်ထွေး ဖွယ် ဖော်ပြထားသော်လည်း အမှန်တကယ် အမည်ဝှက်ခြင်းကို အာမမခံနိုင်ပေ။


အကယ်၍ သင် ယင်းအချက်ကို သုံးရန် ဆုံးဖြတ် ပြီးပါက Proxy စာရင်းကို သင်ကိုယ်တိုင် သတ်မှတ်နိုင်သည်။ ၎င်းသည် format တစ်ခုဖြင့် စာသားမပါသော ဗြောင် ဖိုင်တစ်ခု ဖြစ်နေပေလိမ့်မည်။ု

193.147.162.166:3124
133.1.74.162:3124
130.75.87.83:3124
128.112.139.80:3128
128.112.139.80:3124
72.36.112.74:3124
199.26.254.65:3124 


Line တိုင်းအတွက် format သည် ရိုးရှင်းသည်။

IP address: Port Number

နံပါတ် နှစ်ခု ကြားတွင် ကော်လံထည့် ရန် နှင့် proxy ၏ IP address ရှေ့တွင် ‘http://’ မထည့်ရန် အရေးကြီးသည်။ Proxy တစ်ခုချင်းစီ သည် line တစ်ခုချင်းစီ တွင် ရှိနေရမည် ဖြစ်ပြီး ဖိုင်သည် စာသားဖိုင် အဖြစ် format ရှိထား ရမည် (တခါတရံ .txt file ဟုခေါ်သည်) ၊ word processor file မဖြစ်ရ (Microsoft Word.doc File သို့မဟုတ် OpenOffice.odt file ကဲ့သို့သော ဖိုင်များမဟုတ်ရ။)

.

ထိုစွမ်းဆောင် မှုများဖြင့် လိုက်ဖက်သော public proxy စာရင်းများကို ဖော်ပြသော ဝန်ဆောင်မှုများ Online တွင် ရှိသေးသည်။ ယင်း ဝန်ဆောင်မှုများ  အချို့နေရာများတွင် ပိတ်ဆို့ခြင်းခံရသော်လည်း web search များကို အသုံးပြု ၍ အသုံးဝင်သော public proxy စာရင်းများကို သင် ရှာနိုင်သေးသည်။



ဥပမာ ‘switchproxy anonymous proxy lists’ ဟု Google တွင် လျင်မြန်စွာ ရှာဖွေခြင်းသည် http://www.shroomery.org/ythan/proxylist.php site သို့ရောက်သွားစေသည်။ ဤ အချက်တွင် စိတ်ပါဝင် စားသူများ မှ လုပ်ဆောင်သော ယင်းဝန်ဆောင်မှု (အပျော်တမ်းလုပ်ဆောင်သူများ၊ စီးပွားရေးဆန်သော ဝန်ဆောင်မှုများမဟုတ်)သည် XROXY (http://www.xroxy.com/proxylist.php?type=Anonymous) မှ Proxy များ၏စာရင်းကောက်ယူပြီး စာရင်းများကို format ချပေးသည်။ သို့မှသာ ၎င်း ကို SwitchProxy မှအသုံးပြုနိုင်မည်ဖြစ်သည်။



သင်မည်သည့် စာရင်းများကို မဆို (သင်ထုတ်လုပ်ထားသော စာရင်း သို့မဟုတ် online စာရင်းတစ်ခု) ကို SwitchProxy ၏ configuration များသို့ ‘Anonymous’ proxy များအဖြစ် ထည့်နိုင်သည်။ ဤကဲ့သို့ပြုလုပ်ရန် ‘Standard’ configuration setting များအစား ‘Anonymous’ setting option ကို ရွေးပါ။

anon


‘Next >>’ ကိုနှိပ်ပြီး setting window ပေါ်လာလိမ့်မည်။

anonsettings

Online စာရင်းကို အသုံးပြုရန် URL စာရင်းကို Url field ထဲတွင် ရိုးရှင်းစွာ ရိုက်ထည့် ပြီး ‘Load’ ကို နှိပ်ပါ။ သင်ဖန်တီးထားသော စာရင်းကို ထည့်ရန် File field ၏ဘေး တွင် ရှိသော ‘Browse’ ကို နှိပ်ရမည်။ သင်၏ ကွန်ပျူတာ hard drive ထဲမှ ဖိုင်ကို ရွေး  ၍ ‘Load’ ကို နှိပ်ပါ။ စာရင်းအား နာမည် (သို့မဟုတ် အညွှန်း) ပေးရန် မမေ့ပါနှင့်။ ဥပမာ အထက်တွင်ဖော်ပြထားသော online စာရင်းကို အသုံးပြုခြင်းသည် ‘Load' ကို နှိပ်ပြီးသော အခါ အဖြေထွက် လာပေလိမ့်မည်။


list


ယခု သင် proxy များအကြားလည် ပတ်ခြင်းအတွက် ကြားကာလကို ရွေးချယ် ရပေမည်။ SwitchProxy တွင် အလိုအလျောက်ပြောင်းခြင်းအတွက် ကြားချိန်များကို စ က္ကန့် များဖြင့် ဖော်ပြသည်။ ထို့ကြောင့် သင် သုံးမိနစ် ကြားချိန် ထားချင်ပါက ‘Change proxy every []’ field ထဲတွင် ‘180’ ဟု ရိုက် ထည့်ရမည်။ သင် ‘OK’ ကို နှိပ် ပြီးသော အခါ window ပိတ်သွားပြိး Proxy စာရင်းအသစ်ကို SwitchProxy မှသိမ်းပေးလိမ့်မည်။


autolist


SwitchProxy အားအသုံးပြုခြင်း



သင် သိမ်းထားသော proxy များကို အသုံးပြုရန် Firefox ထဲမှ ‘Tools’ menu ကို နှိပ်ပါ။


using

‘SwitchProxy’ ကို ရွေးချယ်လျက် သင်စီစဉ်ထားပြီးသော proxy များ၏စာရင်းများကို သင်တွေ့ပေလိမ့်မည်။ ၎င်းတို့ထဲမှ တစ်ခုကို ရွေးချယ် ခြင်းသည် ထို proxy item ကို သက်ဝင်လှုပ်ရှားစေသည်။ Proxy တစ်ခုမှ အသုံးမပြုချင် သည်ဆိုပါက ‘None’ ကို ရွေးပါ။



ဆိုးကျိုးများနှင့် အန္တ္တရာယ်များ




Public application proxy ကို အသုံးပြုခြင်းသည် သင် အမည် မသိ ဖြစ်နေပါသည် ဟုအာမ မခံနိုင်ပေ။ သင် Proxy တစ်ခုခု ကို သုံးတိုင်း သင်သည် ထို proxy ၏ operator ကို သင်နှင့် ပတ်သတ်သော သတင်းအချက်အလက်များ သို့မဟုတ် သင် proxy ကို မည်ကဲ့သို့ အသုံးပြုသနည်း ဟူ သော သတင်းအချက်အလက်များ ကို အလွဲသုံးစားမပြုရန် နှင့် သတင်း မထုတ် ရန် ယုံကြည်ပေလိမ့်မည်။



Network operator မှလည်း proxy နှင့် သင်ဆက်သွယ် မှုကို လေ့လာတွေ့ရှိနိုင်သည်။ ကွန်ပျူတာ အတူတူ ကို သုံးလျက် အခြေအနေ အမျိုးမျိုးအပေါ်တွင် web site တစ်ခုအားသင် ဝင်ရောက်ကြည့်ရှုပါက (ဥပမာ)  အမျိုးမျိုးသော proxy setting များကို ဝင်ရောက် ကြည့်ရှုတိုင်း သုံးခဲ့လျင်တောင်မှ cookie များကဲ့သို့သော mechanisms များကို အသုံးပြုခြင်းအားဖြင့် သင် သည် တူညီသော သူဆို သည် ကို ထို site မှ မှတ်မိနိုင်သည်။



Tor မှ ပြည်တွင်း application proxy ကို ဖော်ပြပေးသော်လည်း Tor အားသက်ဝင်လှုပ်ရှားစေ ရန် SwitchProxy အားမသုံးသင့်ပေ။ Torbutton ကို အစားထိုးအသုံး ပြုရမည်ဖြစ်သည်။ Torbutton သည် သင့်အား ဖြစ်ပေါ်လာနိုင်သော privacy risk အမျိုးမျိုး (ဥပမာ DNS leaks) မှကာကွယ် ပေးချိန်တွင် SwitchProxy မှ ကာကွယ် မပေးပေ။

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com