ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Español | Tiếng Việt

Psiphon ကိုအသုံးပြုခြင်း


Psiphon ဆိုသည်မှာ သူငယ်ချင်းများ သို့မဟုတ် မိသားစုကဲ့သို့ စိတ်ချရသော လူများကြားတွင် အသုံးပြုရန် ထားရှိသည့် Web proxy တစ်ခုဖြစ်သည်။ အင်တာနက်ပိတ်ဆို့ ခြင်းမရှိသော နေရာမှ လူတစ်ယောက်သည် အင်တာနက် ကန့်သတ်ချက်ရှိသော နေရာရှိ ၎င်းသိသော လူတစ်ယောက်ကို psiphon proxy ၀န်ဆောင်မှုပေးနိုင်သည်။ ၎င်းသည် အများသုံးနှင့် open proxy service အတွက်မဟုတ်ပေ။

အင်တာနက်စီစစ်ခြင်းကို ကျော်လွှားရန် အတွက် psiphon ကိုအသုံးပြုမည်ဆိုလျှင် ပထမဦးဆုံး သင့်အတွက် psiphon node ပြုလုပ်ပေးနိုင်သည့် အင်တာနက် ပိတ်ဆို့ခြင်းမရှိသော နေရာမှ လူတစ်ယောက်ကို ရှာဖွေရန်လိုအပ်ပေသည်။ http://psiphon.civisec.org/forum/ တွင် psiphon အသုံးပြုသူများ မှ psiphon node များနှင့် ပတ်သတ်ပြီး သတင်းများ ဖလှယ်ကြသည့် official psiphon forum တစ်ခုရှိသည်။ ယင်း forum ကို ဖြတ်၍ ယုံကြည်ရသော လူတစ်ယောက်ကို ရှာဖွေနိုင်သည်။ သတိပြုရန်မှာ သင်အသုံးပြုနေသော psiphon node ပိုင်ရှင်သည် သင့် password များ နှင့် ကိုယ်ပိုင် data များအပါအ၀င် သင့် အင်တာနက် လုပ်ဆောင်ချက်အားအလုံးကို ကြည့်ရှုနိုင်ခွင့် ရသွားလိမ့်မည်။  

(အကယ်၍သင်သည် အင်တာနက်စီစစ်ခြင်းမရှိသော နေရာတွင် server သို့မဟုတ် web space တစ်ခုရှိနေခဲ့လျှင် အခြားလူများ အသုံးပြုရန်အတွက် psiphon ကို install ပြုလုပ်နိုင်သည်။ http://psiphon.ca/download/php တွင် လေ့လာနိုင်သည်။ )

Psiphon proxy သို့ဆက်သွယ်ခြင်း


Psiphon node ပိုင်ရှင် နှင့် အဆက်အသွယ်ရပြီ ဆိုသည်နှင့် ထိုသူသည် သင့်အား အောက်တွင်ဖော်ပြ ထားသော သတင်းအချက်အလက် ကိုသင်ထံသို့ပို့လိမ့်မည်။

URL: https://86.103.195.150:443/cship/  
Username: cship  
Password: cship


Psiphon proxy ကိုအသုံးပြုရန် သင်ရရှိသော web site အမည်ကို သင့် web browser တွင် ဖြည့်ပြီး account နှင့် ပတ်သတ်သည့် အရာများကို ဖြည့်စွက်၍ sign in လုပ်ပါ။


SSl Exception ထည့်ခြင်း


သင် psiphon URL ကို ပထမဆုံးအကြိမ် ဆက်သွယ် သော အခါ အောက်တွင်ဖော်ပြထားသည့် အတိုင်း သင်၏ Web browser သည် non-valid SSL certificate အကြောင်း error message ကိုဖော်ပြလိမ့်မည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ သင်သည် SSL connection တစ်ခုကို အသုံးပြုနေပြီး (URL ထဲမှ ‘https:’ ဖြင့်ဖော်ပြထားသော) SSL connection များမှာ သာမန်အားဖြင့် server အားအမှန်ဖြစ်စေရန် ပြုလုပ်ထားသော တရားဝင် SSL certificate များဖြင့် လုံခြုံသေချာ ရမည် ဖြစ်သော ကြောင့်ဖြစ်သည်။ တရားဝင် SSL certificate မှာငွေကုန်ကျများသောကြောင့် psiphon node ၏ပိုင်ရှင် မှာ တစ်ခုပင် ရှိမည်မဟုတ်ချေ။(ယခုအချိန်အထိ psiphon node တော်တော် များများသည် certificate များမရှိပေ။) ယင်း ကို လျစ်လျူရှု ၍ error message သည် သင်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်များကို အန္တရာယ်ရှိစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပါးနပ်သော network operator တစ်ယောက်သည် psiphon server အဖြစ် ဟန်ဆောင် နေနိုင် သောကြောင့်ဖြစ်သည်။ အကယ်၍ သင် privacy နှင့်မဟုတ်ဘဲ အသုံးပြုခွင့် နှင့် သာ ဦးစွာ ပတ်သတ်မိသည် ဆိုပါက ဤ error အားလျစ်လျူရှုခြင်းသည် သာ သင့်တော်ပေလိမ့်မည်။

ဆက်လက်ဆောင်ရွက်ရန် ရွေးချယ်ခဲ့လျှင် ဆက်သွယ်ချိန်တိုင်း ၌ မြင်နေရခြင်း မဖြစ်စေရန် သင့် browser တွင် exception rule တစ်ခုကို ထပ်ဖြည့်နိုင်သည်။ Firefox3 တွင် exception ထပ်ဖြည့်ခြင်းကိုဖော်ပြလိုက်သည်။
 

securefail


စာမျက်နှာ ၏ အောက်တွင်ဖော်ပြထားသော “Or you can add an exception” link ကိုနှိပ်ပါ။ Browser မှ သတင်းအချက်အလက်များ နှင့် ခလုတ်များ ကို ထပ်မံဖော်ပြ လိမ့်မည်။

securefail2
“Add Exception” ကို နှိပ်ပါ။ Location box တွင် သင် ဖြည့်ခဲ့သော URL ကို ဖော်ပြသည့် dialog box ကို browser မှဖွင့်ပေးလိမ့်မည်။

firefox_ssl3_1

“Get Certificate” ကိုနှိပ်ပါ။ Dialog box တွင် အချက်အလက်များ ထပ်၍ ပေါ်လာလိမ့်မည်။

firefox_ssl4_1

“Confirm Security Exception” ကိုနှိပ်ပါ။

လုံခြုံရေးနှင့် ပတ်သတ်၍စိုးရိမ်လျှင်


အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း security warning ကိုလျစ်လျူရှုခြင်း သို့မဟုတ် security exception ကိုထပ်ဖြည့်ခြင်း သည် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သင့်network connection တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်သည့် ကျွမ်းကျင်သော ခိုးနားထောင်သူသည် psiphon server ဟန်ဆောင်၍ သင့်ကို လှည့်စားနိုင်သော ကြောင့်ဖြစ်သည်။ ထိုအန္တရာယ်၏ အတိမ်အနက်သည် သင့်ဆက်သွယ်မှုကို ကြားဖြတ်နိုင်သည့် သူပေါ်တွင်မူတည်သည်။ အချို့နေရာများတွင် security warning ကို တစ်ကြိမ်မျှ လစ်လျူရှုခြင်းသည် ကြီးမားသောပြဿနာ မဖြစ်နိုင်ပေ။ (ပထမဦးဆုံး connection ကို နှောင့်ယှက်ခြင်းမခံလျှင် သင် ဆက်သွယ်သော site  များ ကို firefox မှ မှတ်သားထားနိုင်သော ကြောင့် နောက်ဆက်တွဲ connection များသည် အန္တရာယ်ဖြစ်မည် မဟုတ်ပေ။) သင်သည် ဆင်ဆာကိုသာ ကျော်လွှားချင်သူဖြစ်ပြီး privacy နှင့်ပတ်သတ် ၍ စိတ်မ၀င်စားသူ ဆိုလျှင် ယခုကိစ္စသည် သင်နှင့်မပတ်သတ်ပေ။


အကယ်၍သင်သည် Privacy နှင့် ကြားဖြတ်သတင်းခိုးယူခြင်းကို သာ အဓိက စိုးရိမ်သည်ဆိုလျှင် security exception ကိုမထည့်ခင်၌ site တစ်ခု ၏ identity ကိုအတည်ပြုသော ပို၍စိတ်ချရသည့် နည်းလမ်းများ စွာရှိသည်။ Firefox အတွက်အဆင်ပြေစေမည် နည်းလမ်းတစ်ခုမှာ Carnegie Mellon University (http://www.cs.cmu.edu/~perspectives/) မှ Perspectives software ကို အသုံးပြုရန်ဖြစ်သည်။ Perspectives သည် psiphon site သို့မဟုတ် တရားဝင် လုံခြုံရေး လက်မှတ် မပါ ရှိသော အခြား web site များက အခြား server များကို ကြိမ်ဖန်များစွာ ပြုလုပ် ထားသည့် အတိုင်း သင် တူညီမှု ရရှိစေခြင်းကို သေချာစေသည်။

Proxy သို့ဝင်ရောင်ခြင်း


Login page ကိုတွေ့သည့်အခါ သင့် contact မှရရှိခဲ့သော username နှင့် password ကိုဖြည့်ပါ (ဥပမာ ထဲတွင် နှစ်ခုလုံးကို “chsip” ဖြင့်ပြထားသည်။) စကားဝှက်ပြုလုပ်ထားသော connection ကို ဖြတ်၍ psiphon node ကို အသုံးပြုရန်  URL သည် “https” နှင့် စကြောင်းကို သေချာအောင်လုပ်ပါ။


psiphon1_using1


Proxy ကိုဖြတ်၍ browsing လုပ်ခြင်း


Login ပြုလုပ်ပြီးချိန်တွင် psiphon start page ကိုတွေ့လိမ့်မည်။

စာမျက်နှာထိပ်ဆုံးရှိ အကွက်ထဲတွင် (browser ၏ address box အောက်) တွင် ကြည့်လိုသော Website အမည်ကို ရိုက်ထည့်ပါ။ (ဥပမာ http://en.cship.org/wiki/)

psiphon1_using2

Screen ပေါ်ရှိ မျှားပုံကို နှိပ်ပါ သို့မဟုတ် keyboard ပေါ်ရှိ Enter ကို နှိပ်ပါ။ သင်ထည့်လိုက်သော website လိပ်စာကို browser မှ psiphon address နှင့် အတူ ဖော်ပြလိမ့်မည်။
 
ဆက်လက်ကြည့်ရှုရန် အောက်ပါအချက်ထဲမှ တစ်ခုကိုလုပ်နိုင်သည်။

  • ကြိုက်ရာ link တစ်ခုကိုနှိုပ်။ Web proxy မှ linked page များကို အလိုလျောက် ဖော်ပြလိမ့်မည်။
  • စာမျက်နှာထိပ်ဆုံးရှိ psiphon address box တွင် Web site လိပ်စာအသစ်တစ်ခုကို ဖြည့်ပါ။(browser ၏ address box မဟုတ်)

psiphon1_using3
Psiphon node ပိုင်ရှင်သည် စောင့်ကြည့်နိုင်ပြီး web site များ နှင့် node ပေါ်တွင် သင်ပို့လွှတ်သော password ကိုတောင်မှ ၀င်ရောက်နိုင် ကြောင်း သတိပြုရမည်။ Psiphon သည် ပုံမှန်အားဖြင့် psiphonode operator မှကြည့်ရှုပြီးသော website စာရင်းကို ပြသထားသည်။ ထို့ကြောင့် သင်ဆင်သွယ်ရမည့်သူသည် သင်ယုံကြည်ရသူဖြစ်ရန် အရေးကြီးခြင်းဖြစ်သည်။
 

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com