ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | Español

PHProxy ထည့်သွင်းခြင်း

PHProxy ထောင်ရန်အတွက် ထိန်းချုပ်မှုမရှိသော အင်တာနက်ကွန်နက်ရှင်တစ်နေရာတွင် PHP support ပေးနိုင်သော web server နေရာတစ်ခုရှိရန်လိုအပ်ပါသည်။ ဥပမာအားဖြင့်-
•    http://www.dreamhost.com/ ကဲ့သို့သော hosting ရောင်းသူများထံမှ နှစ်စဉ်ကျေးဖြင့် web space ငှားရန်းသုံးစွဲခြင်း။
•    Virtual/dedicated server ထောင်ခြင်း (ပို၍ဈေးကြီးပြီး နည်းပညာပိုင်းရှုပ်ထွေးပါသည်)
•    အများ route လုပ်နိုင်သော IP လိပ်စာရှိသော DSL/cable အင်တာနက်ကွန်နက်ရှင် ရှိသောကွန်ပျူတာတစ်လုံး
•    တက္ကသိုလ်မှခွင့်ပြုလျှင် တက္ကသိုလ်ပိုင်သော အင်တာနက်ကွန်နက်ရှင်ဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံး သို့မဟုတ် တက္ကသိုလ်ပိုင် server တွင် အက်ကောန့်တစ်ခုရှိခြင်း

 အထက်ပါနည်းလမ်းများအရ PHP support ကိုပေးထားနိုင်သော web server သို့ FTP ကိုအသုံးပြု၍ PHProxy ကိုထည့်သွင်းရပါမည်။ ထို့ကြောင့် FTP အသုံးပြုနိုင်ရန်အတွက် FileZilla (http://filezilla-project.org/) ကဲ့သို့သော ပရိုဂရမ်ကိုလိုအပ်ပါသည်။


၎င်းနည်းလမ်းသည် အသုံးအများဆုံးဖြစ်သော်လည်း အခြေအနေအားလုံးအတွက် သုံ၍မရပေ။ ဥပမာအားဖြင့်- ကိုယ်ပိုင် server တစ်ခုထောင်ထားပြီး ထို server မှ FTP သုံး၍မရနိုင်ခြင်း၊ သင့်အနေဖြင့် server ၏ command line များကို ကျွမ်းကျင်မှုရှိပါကလည်း တစ်ခြားနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

•    ပထမဦးဆုံး http://sourceforge.net/projects/poxy/ တွင် PHProxy script ကို ဒေါင်းလုပ်ချလိုက်ပါ။ 25 kilobytes သာရှိသောကြောင့် ဖိုင်အရွယ်အစား အလွန်သေးငယ်ပါသည်။
•    ZIP ဖိုင်ကို ဖြည်လိုက်ပါ။
•    အသုံးပြုမည့် FTP ပရိုဂရမ်ကိုဖွင့်လိုက်ပါ၊ web server ထံမှပေးထားသော host, username နှင့် password ကိုရိုက်ထည့်လိုက်ပါ။
•    FTP ပရိုဂရမ်၏ ဘယ်ဘက်တွင် ကိုယ့်ကွန်ပျူတာပေါ်တွင်ရှိသော ဖိုင်နေရာများကို ကိုယ်စားပြုသောကြောင့် zip ဖိုင်ဖြည်ထားသော PHProxy နေရာကိုရှာလိုက်ပါ။
•    PHProxy ဖိုင်ကို drag and drop နည်းဖြင့် ညာဘက် web server ဘက်သို့ထည့်လိုက်ပါ။
 filezilla
•    PHProxy ကိုတင်ထားသော မိမိ၏ web space လိပ်စာအတိုင်း သွား၍ PHProxy ကိုအသုံးပြု၍ ရနိုင်ပါပြီ။ ဤဥပမာတွင် - http://www.cship.info/proxy/ အတိုင်းသွားနိုင်ပါမည်။


အကယ်၍ အထက်ပါနည်းလမ်းများသည် သင့်အတွက် အလုပ်မလုပ်ပါက server အနေဖြင့် PHP ကိုအလုပ်မလုပ်ပေးနိုင်သောကြောင့် ဖြစ်နိုင်ပါသည်။ web server ၏ manual ကိုဖတ်၍ ၄င်း၊ forum များ web server operator များကို အကူအညီတောင်း၍ ၄င်း ဖြေရှင်းနိုင်ပါလိမ့်မည်။

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com